Facebook Like

https://www.facebook.com/muangpuzomi

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

5/23/16

Android ဖုန်းထဲက မှားပြီးဖျက်လိုက်မိတဲ့ မက်ဆေ့တွေ၊ဖိုင်တွေကို ဘယ်လိုပြန်ယူမလဲ




ဖုန်းထဲမှာသိမ်းထားတဲ့ အရေးကြီးတဲ့ဖိုင်တွေ၊ဓာတ်ပုံတွေ၊ဗီဒီယိုတွေကို မတော်တဆ delete လုပ်လိုက်မိပါသလား။

ဒါဆိုရင်တော့ အခုချက်ချင်း ဖုန်းကိုပါဝါပိတ်ပြီး၊ SD ကတ်ကို ဖြုတ်ထားပေးပါ။ စာဖတ်သူ မတော်မဆမှားပြီး၊ ဖျက်လိုက်မိတဲ့ဖိုင်တွေကို ပြန်ယူနိုင်မယ့် နည်းလမ်းရှိပါတယ်။

သတိပြုရမှာက တကယ်လို့ SD ကတ်ကို ဖြုတ်မထားမိဘူးဆိုရင်၊ ဖုန်းဟာ နောက်ထပ်ဖိုင်တွေကို SD ကတ်ထဲ overwrite လုပ်သွားမှာဖြစ်တာကြောင့် ပြန်ယူလို့မရဖြစ်သွားနိုင်ပါတယ်။

၁။ ပထမဦးဆုံး သင့်ကွန်ပြူတာအတွက်လိုအပ်တဲ့ Recovery ဆော့ဖ်ဝဲကို ဒေါင်းလုဒ်ဆွဲပါမယ်

Recovery လုပ်နိုင်တဲ့ဆော့ဖ်ဝဲတွေအများကြီးရှိပေမယ့် Dr.Fone ဆော့ဖ်ဝဲက အကောင်းဆုံးနဲ့ Delete လုပ်မိလိုက်တဲ့ဖိုင်တွေကို ပြန်ယူနိုင်မှုအမြင့်ဆုံးဆော့ဖ်ဝဲဖြစ်ပါတယ်။

Dr.Fone ဆော့ဖ်ဝဲကို အောက်ပါလင့်ခ်မှာ ဒေါင်းလုဒ်လုပ်ပြီး သင့်ကွန်ပြူတာမှာ install လုပ်ပေးပါ။ ဒီဆော့ဖ်ဝဲဟာ Windows XP ကနေ အခု Windows 10 အထိ အဆင်ပြေပြေသုံးနိုင်ပြီး root လုပ်ထားတဲ့ဖုန်းတွေကော၊ မလုပ်ရသေးတဲ့ဖုန်းတွေမှာပါ သုံးနိုင်ပါတယ်။
 

 
(၂) သင့် Android ဖုန်းကို PC နဲ့ ချိတ်ဆက်ပါ။
ကွန်ပြူတာမှာ Wondershare Dr.Fone ဆော့ဖ်ဝဲကို run လိုက်ပြီဆိုရင်၊ သင့် Android ဖုန်းကို USB ကြိုးနဲ့ ကွန်ပြူတာကို ချိတ်ခိုင်းပါလိမ့်မယ်။

drfone-android-sc01

(၃) USB debugging ကို ဖွင့်ပေးပါ။

ဒီအဆင့်မှာတော့ သင့်ဖုန်းထဲကနေ USB debugging ကို ဖွင့်ပေးဖို့ လိုပါမယ်။

    Android 2.3 အစောပိုင်းဖုန်းတွေမှာဆိုရင် – Settings ထဲဝင်၊ ‘Applications’ ကို နှိပ်၊ ‘Development’ ကို ရွေးပေးပြီး၊ ‘USB debugging’ ဆိုတာကို အမှန်ခြစ်ပေးလိုက်ပါ။

drfone-android-sc02

    Android 3.0 နဲ့ 4.1 ဖုန်းတွေမှာဆိုရင်တော့ – Settings ထဲဝင်၊ ‘Developer Options’ ကို နှိပ်၊ ‘USB debugging’ ဆိုတာကို ရှာပြီး၊ အမှန်ခြစ်ပေးလိုက်ပါ။

drfone-android-sc04

    Android 4.2 နဲ့အထက် တစ်ချို့ဖုန်းတွေမှာဆိုရင် – Settings ထဲဝင်၊ ‘About Phone’ ဆိုတာထဲ ထပ်ဝင်ပြီး၊ ‘Build Number’ ဆိုတဲ့နေရာကို (၇) ခါဆက်တိုက်နှိပ်ပေးလိုက်ရင်၊ ‘You are under developer mode’ ဆိုတဲ့ စာလေးပေါ်လာပါလိမ့်မယ်။ ဒါဆိုရင် Settings ထဲပြန်သွား၊ ‘Developer Options’ ကို ရွေးပြီး၊ ‘USB debugging’ ဆိုတာကို အမှန်ခြစ်ပေးလိုက်ပါ။

drfone-android-sc04

    ဖုန်းတစ်လုံးနဲ့ တစ်လုံး ‘USB debugging’ ရွေးတာက မတူနိုင်တာကြောင့်၊ အဆင်မပြေတာရှိရင် comment box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

( သတိပြုရာမှက – ဒီအဆင့်တွေမှာ ကိုယ့်ဖုန်းမှာ USB debugging ကို အမှန်မခြစ်ထားတဲ့လူတွေအတွက် ဖြစ်လို့၊ USB debugging ဖွင့်ပြီးသားလူတွေက အထက်ပါအဆင့်ကို ကျော်သွားနိုင်ပါတယ်)

(၄) ဖုန်းထဲကဒေတာတွေကို Analyze လုပ်မယ်။

USB debugging လုပ်ပြီးရင်၊ Dr.Fone ဆော့ဖ်ဝဲနဲ့ သင့်ဖုန်း ချိတ်ဆက်လို့ပြီးပါပြီ။ ဖုန်းထဲက ဒေတာတွေကို analyze လုပ်ပေးရမယ့်အဆင့်ရောက်ပါပြီ။ ‘Start’ ဆိုတာကို နှိပ်လိုက်ပါ။

drfone-android-sc05

ဒီမှာလည်း သတိပြုရမှာက – ‘Start’ မလုပ်ခင်မှာ၊ သင့်ဖုန်းဘက်ထရီက အနည်းဆုံး ၂၀ ရာခိုင်နှုန်းကျော် ပါစေ။ ဘက်ထရီအရမ်းနည်းနေရင်၊ ဒေတာတွေကိုကွန်ပြူတာက စစ်ဆေးလို့မပြီးခင်မှာ ဖုန်းပါဝါကျသွားနိုင်ပါတယ်။

Start လုပ်လိုက်တဲ့အခါ၊ သင့် Android ဖုန်းထဲမှာ မက်ဆေ့တစ်ခုပေါ်လာပါလိမ့်မယ်။ ‘Allow’ ဆိုတာကို နှိပ်ပေးလိုက်ပါ။ အကယ်၍ ‘Allow’ နှိပ်ပြီးတာတောင် ကွန်ပြူတာက analyze မလုပ်သေးဘူးဆိုရင်၊ ဖုန်းမှာ ‘Allow’ ပေါ်နေသေးလား သေချာကြည့်ကြည့်ပါ။ တစ်ချို့ဖုန်းတွေမှာ ‘Allow’ ဆိုတဲ့မက်ဆေ့ ပျောက်သွားတဲ့ အထိ နှိပ်ပေးဖို့လိုပါတယ်။


drfone-android-sc06

(၅) ကိုယ်ပြန်လိုချင်တဲ့ဖိုင်အမျိုးအစားကို ရွေးပေးပါ။

စကင်ဖတ်တဲ့အချိန်သိပ်မကြာစေဖို့အတွက်၊ ကိုယ်အဓိကထားပြီး ပြန်လိုချင်တဲ့ဖိုင်အမျိုးအစား (ဥပမာ – ဓာတ်ပုံ၊ ဗီဒီယို၊ မက်ဆေ့) စသဖြင့်၊ ကိုယ်လိုချင်တဲ့ဖိုင်အမျိုးအစားကို အမှန်လိုက်ခြစ်ပေးပါ။ ရှိသမျှဖိုင်တွေ အကုန်ပြန်လိုချင်ရင်၊ ‘Select All’ ဆိုတာကို နှိပ်လိုက်ပါ။

select-the-type-of-files


‘Scan for deleted files’ ဆိုတာကိုပဲ ရွေးပေးပါ။ ဒီနည်းနဲ့ စကင်ဖတ်တာက ပိုမြန်ပါတယ်။ ဒါပေမယ့် ဒီနည်းနဲ့ စကင်ဖတ်လို့မရဘူးဆိုရင်တော့၊ ‘Advanced Mode’ ကနေ စကင်ဖတ်ပေးရပါမယ်။ Advanced နဲ့ စကင်ဖတ်တာက အချိန်တော်တော်ကြာလို့၊ ပထမနည်းနဲ့ပဲ စကင်ဖတ်ပြီး မရမှ၊ ‘Advanced Mode’ ကို သုံးပါ။


select-a-storage-scanning-mode


(၆) စကင်ဖတ်ပါ။

ကိုယ် ပြန်လိုချင်တဲ့ဖိုင်တွေကို ရွေးပြီးပြီဆိုရင် ‘Start’ ဆိုတာကို နှိပ်ပြီး၊ စကင် စဖတ်လို့ရပါပြီ။ စကင်ဖတ်နေစဉ်မှာ ဖုန်းနဲ့ ကွန်ပြူတာကို မဖြုတ်ပါနဲ့။



scanning


(၇) ကိုယ်လိုချင်တဲ့ဖိုင်ကို ပြန်ယူပါ

စကင်လုပ်တာက နည်းနည်းတော့ကြာပါလိမ့်မယ်။ စကင်ပြီးသွားတဲ့အခါ၊ သင် delete လုပ်လိုက်မိတဲ့ဖိုင်တွေ ထဲက၊ ပြန်ရနိုင်တဲ့ဖိုင်တွေ ပေါ်လာပါလိမ့်မယ်။


ကိုယ်ပြန်လိုချင်တဲ့ဖိုင်တွေတွေ့ရင်၊ ဘေးနားက box လေးမှာအမှန်လိုက်ခြစ်ပေးပါ။ ပြီးရင် အောက်နားက ‘Recover’ ဆိုတာကိုနှိပ်ပြီး ဖျက်လိုက်မိတဲ့ဖိုင်တွေကို ပြန်ယူနိုင်ပါတယ်။ Contacts တွေကို ပြန်ယူတဲ့အခါ၊ CSV, vCard ဒါမှမဟုတ် HTML format နဲ့ save လုပ်ပေးဖို့လိုပြီး၊ မက်ဆေ့တွေဆိုရင် CSV (သို့) HTML format နဲ့ save လုပ်ပေးပါ။
preview-the-data

iOS Device တွေကို Passcode မေ့သွားလို့ Firmware ပြန်တင်ချင်သူများအတွက်

 

iOS Device တွေကို Passcode မေ့သွားလို့ဘယ်လိုပြန်လုပ်ရမလဲလို့မေးထားတဲ့ သူတွေအတွက် Firmware ပြန်တင်နည်းလေး
ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။ iOS Device တွေမှာ Passcode မေ့သွားရင်တော့ အများဆုံးက Firmware ပြန်တင်ရတာများပါတယ်။
Passcode ပြန်ဖြည်နိုင်တဲ့ နည်းလမ်းရှိပေမဲ့ Passcode မေ့နေတဲ့အချိန်မှာ ဖုန်းနဲ့ computer နဲ့ချိတ်ဆက်ရင် Driver မသိတော့တာကြောင့်
အဆင်မပြေဖြစ်တက်ပါတယ်။ ဒီလိုအချိန်မှာ ဘယ်လိုပြန်လုပ်ရမလဲဆိုရင်တော့ iOS တွေက Android တွေလို Recovery mode ကနေ
ဝင်ရောက်ပြီး Factory Data Reset ချလို့အဆင်မပြေတာကြောင့် Firmware ပြန်တင်မှသာအဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာ Firmware ပြန်တင်ဖို့အတွက်ဆိုရင်တော့ မေးစရာရှိလာပါမယ်။ ဖုန်းကိုကျတော်တို့ computer ကနေ iTune နဲ့ချိတ်ဆက်
ပြီးပြန်တင်ရမှာဖြစ်တဲ့အတွက် computer ကနေ ဖုန်းကိုမသိတဲ့အချိန်မှာ ဘယ်လိုလုပ်နိုင်ပါသလဲလို့မေးလို့ရပါတယ်။ အဲဒါကြောင့် ကျတော်
computer ကနေဖုန်းကို Driver သိရှိစေရန် Recovery mode ကနေ computer မှ iTune နဲ့ ချိတ်ဆက်ပြီး Firmware တင်နည်းလေးမျှဝေပေးလိုက်ပါတယ်။ ဒီနည်းလမ်းက service သမားတိုင်း နဲ့ iOS User အချို့အတွက်ကတော့ သိရှိပြီးသားဆိုပေမဲ့ မသိသေးတဲ့သူတွေလဲ
ရှိလို့မေးမြန်းလာတာကြောင့် တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။
အရင်ဆုံးလိုအပ်တာကတော့ Computer မှာ iTune ဆိုတဲ့ Software ရှိဖို့လိုအပ်ပါတယ်။ iTune software မရှိပါက Download အရင်ရယူပါ။
Download iTune >>> https://www.apple.com/itunes/
Download ရယူပြီးရင်တော့ iTune Setup.exe အား computer မှာဖွင့်ပြီး iTune Software အား install ပြုလုပ်ပါ။
Computer မှာ iTune ရရှိပြီဆိုရင်တော့ ဖုန်းအတွက် လိုအပ်တာကတော့ Firmware ပဲဖြစ်ပါတယ်။ iOS Device တွေက Firmware တင်မယ်ဆိုကိုယ့်မှာရှိတဲ့ Firmware က Lastest ဖြစ်ဖို့လိုအပ်ပါတယ်။ Firmware မရှိပါက ခုလက်ရှိ Lastest version Firmware အား အောက်ကလင့်ကနေDownload ရယူပါ။
iOS Lastest version Download >>> http://www.myanmarmobileapp.com/category/ios-firmware
Firmware ရယူပြီးရင်တော့ နောက်တစ်ဆင့်အနေနဲ့ Computer ကို Internet connection ရရန်ပြုလုပ်ပေးရပါမယ်။ iOS Firmware တင်တဲ့အခါ computer မှာ Internet Connection ရှိရန်လိုအပ်ပါတယ်။ ဒါကြောင့် Computer သို့ ဖုန်းတစ်လုံးလုံးကနေဖြစ်ဖြစ် internet ရရှိစေနိုင်မဲ့ တနေရာရာကနေ Internet Connection လွှင့်ပေးထားပါ။ Computer မှာ internet connection ရပြီဆိုရင်တော့ Passcode ကျနေတဲ့ iOS Device ကို Power ဖွင့်ထားရက်နဲ့ပဲ Home Key + Power Key ကိုတွဲပြီးနှိပ်ထားလိုက်ပါ။ Power OFF သလိုမျိုး Screen မှိတ်သွားပါမယ်။ မလွှတ်ပဲဆက်ဖိထားပါ Apple Logo တက်လာပါမယ်။ မလွှတ်ပဲဆက်ဖိထားပေးပါ။ ခဏနေရင် iTune နဲ့ USB Connect လုပ်ခိုင်းတဲ့ပုံလေးပေါ်လာပါမယ်။ ဒါဆိုသင့်ရဲ့ iOS Device မှာ Recovery mode ကိုရောက်ရှိပြီဖြစ်ပါတယ်။ ဖုန်းကို Computer နဲ့ချိတ်ဆက်ပေးလိုက်ပါ။ ခဏလောက်စောင့်ပေးပါ။ iTune Software အားဖွင့်စရာမလိုပါဘူး။ Computer ကနေ iOS Deviceအားသိပြီဆိုရင် iTune Software အလိုလိုပွင့်လာပါလိမ့်မယ်။ iTune Software ပွင့်လာတာနဲ့ မိမိရဲ့ iOS Device ရဲ့ name နဲ့အတူ Update နဲ့ Restore ဆိုတဲ့စာတန်းလေးတွေပါ iTune Software မှာပေါ်လာပါမယ်။ ဒီအခြေအနေရောက်ပြီဆိုရင်တော့ iOS Device အား Firmware တင်နိုင်ရန် Shift key ကိုဖိထားပြီးRestore ဆိုတဲ့စာတန်းလေးကို နှိပ်ပေးလိုက်ပါ။ Box လေးတစ်ခုပေါ်လာပါမယ်။ Box လေးထဲကနေ ကိုယ် Download ရယူထားတဲ့ Firmware ကို Location ရွေးပေးလိုက်ယုံပါပဲ။ iTune ကနေ Firmware ကိုဖြည်ချသွားပေးပြီး iOS Device အား Firmware တင်ပေးသွားပါလိမ့်မယ်။ အချိန်ကြာတာကတော့ Internet Connectionအပေါ်မူတည်ပါတယ်။


အဆင်ပြေပါစေ။
Welcome


Bootloader Unlock Software

 
Huawei , Sony , HTC Device တွေအတွက် Bootloader unlock ပြုလုပ်နိုင်မဲ့
software လေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဒီ software လေးကိုအသုံးပြုပုံလေး
တွေကိုပါ Lesson Button လေးနဲ့ ရှင်းပြထားတာလေးပါ ပါတယ်။ ရေးသားမျှဝေပေးထား
သူကတော့ ကိုချမ်းမြေ့အောင်( သုဝဏ္ဏနည်းပညာ) ဖြစ်ပါတယ်။ software လေးလိုအပ်ပါက
Download ရယူလိုက်ပါ။


downloadbutton

Wondershare Dr.Fone for Android


ကိုယ့်ရဲ့ Android ဖုန်း မှာ မှားဖျက်လိုက်မိတဲ့ call history,contacts, messages, photos,video,audio file, notes စတာတွေကိုပြန်လည်ရယူနိုင်မယ့်  Wondershare Dr.Fone for Android ဆိုတဲ့ကွန်ပျူတာဆော့ဝဲလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ် ။ ဖုန်းထဲက Data တွေကိုအမှန်တကယ်ပြန်လည်ရယူနိုင်တဲ့ဆော့ဝဲကောင်း တစ်ခုဖြစ်ပါတယ်။

မူရင်း Website မှာတော့ ဒီဆော့ဝဲကိုရောင်းပါတယ်။ အခုတင်ပေးထားတာကတော့ Full Version ပါ။ Full Version ဖြစ်ဖို့လိုအပ်တဲ့ Serial Key file တွေလည်းတစ်ပါတည်းပါဝင်ပါတယ်။ အောက်က link မှာဆော့ဝဲတွေကိုရယူပြီး ကွန်ပျူတာမှာ ဆော့ဝဲသွင်း ၊ ဖုန်းကိုကွန်ပျူတာနဲ့ချိတ်ဆက်ပြီး အရေးကြီး data လေးတွေကိုပြန်လည်ရယူလိုက်ကြပါဦး ။
=> Download Link <=

Lenovo A10-70 A7600

Lenovo A10-70 A7600
Password = lenovo8

Lenovo K3 Note K50-T5

Lenovo K3 Note K50-T5
Password = lenovo6