Facebook Like

https://www.facebook.com/muangpuzomi

10/2/13

Bagan Keyboard Pro ကို ထိရောက်စွာ အသုံးပြုပုံများ

Q: Bagan Keyboard ဆိုတာ ဘာလဲ

A: Bagan Keyboard ဆိုတာ Android ဖုန်းတွေမှာ မြန်မာစာကို မှန်ကန် မြန်ဆန်စွာ ရိုက်နိုင်အောင် ပြုလုပ်ထားတဲ့ မြန်မာစာရိုက် Keyboard ဖြစ်ပါတယ်။


Q: Jelly Bean မှာ မြန်မာစာ မမှန်တာကို ဖြေရှင်းနိုင်သလား

A: Jelly Bean မှာ အခြားသော Keyboard များဖြင့် ရိုက်ထားသော မြန်မာစာများကို မှန်ကန်စွာ ဖတ်ရှုနိုင်မည်မဟုတ်ပဲ Bagan Keyboard မှ ရေးသားထားသော မြန်မာစာများကိုမူ မှန်ကန်စွာရေးနိုင်၊ ဖတ်နိုင်မည်ဖြစ်ပါသည်။


Q: Bagan Keyboard နောက်ဆုံး Version ကို ဘယ်မှာ ရယူရမလဲ

A: Bagan Keyboard နောက်ဆုံး Version ကိုhttp://www.bitmyanmar.com.mm/kanaung/bagankeyboard မှာ ရယူနိုင်ပါတယ်။

ှQ: Bagan Keyboard နဲ့ စာရိုက်ရင် စာအရှေ့မှာ တုတ်ချောင်းလေးတွေပေါ်နေတယ်။

A: Jelly Bean Device တွေအတွက် မြန်မာစာ မှန်အောင် ပြုလုပ်ထားတာဖြစ်ပါတယ်။ အကယ်၍ မိမိက Jelly Bean OS မသုံးပါက Bagan Keyboar Setting ထဲက Jelly Bean Fix ကို Off ပြုလုပ်ပေးပါခင်ဗျာ။


Q: Bagan Keyboard မှာ ပါတဲ့ Auto Suggestion ဆိုတာဘာလဲ။

A: Auto Suggestion ဆိုတာ "ဥပမာ" ဟု ရိုက်ချင်လျှင် "ဥ" ကို ရိုက်ပြီး ကီးဘုတ် နှင့် စာလုံးကြားတွင်ရှိသော စာလုံးလေးကို ထောက်လိုက်ပါက "ဥပမာ" ဟု Auto ဖြစ်သွားမည်ဖြစ်ပါသည်။



Q: Bagan Keyboard မှာ ပါတဲ့ Auto Suggestion ထဲကို အခြားမိမိနှစ်သက်တဲ့ စာလုံးတွေ ထပ်ထည့်လို့ရလား။

A: Auto Suggestion ထဲကို မိမိနှစ်သက်တဲ့ စာလုံးတွေ ထပ်ထည့်လို့ရပါတယ်။ ဥပမာ "သေချာတယ်" ဆိုတဲ့ စာလုံးကို Auto Suggestion List ထဲ ထည့်ချင်တယ်ဆိုရင် ကီးဘုတ်ကို အသုံးပြုပြီး သေချာတယ်ကို ရိုက်လိုက်ပါ။ Saved ဆိုပြီးပေါ်လာပါလိမ့်မယ်။ နောက်တစ်ခါ ကီးဘုတ်ကို အသုံးပြုပြီး "သေချာ" လို့ရိုက်လိုက်ရင် "သေချာတယ်" ဆိုတဲ့ စာလုံးကို Suggestion List ထဲတွင် တွေ့မြင်နိုင်ပါပြီ။

 

Q: Bagan Keyboard မှာ ပါတဲ့ Double Tap Feature ဆိုတာ ဘာလဲ။

A: ကီးဘုတ်မှ စာလုံး အချို့ရဲ့အပေါ်မှာ စာလုံးငယ်လေးတွေကို တွေ့ရမှာဖြစ်ပါတယ်။ ထိုစာလုံးများကို နှစ်ချက်နှိပ်လိုက်ပါက Shift Key နှိပ်စရာမလိုပဲ စာလုံးငယ်လေးများကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဥပမာ။  ။ "ရ" ကို     ရိုက်ချင်တယ်ဆိုရင် "၇" ကို နှစ်ချက်နှိပ်ရုံနဲ့ "ရ" ကို ရေးနိုင်မှာဖြစ်ပါတယ်။



*သတိပြုရမည့် တစ်ချက်က အသုံးများသော စာလုံးများအတွက်သာ Double Tap ပေးထားတာဖြစ်ပြီး စာလုံးငယ်လေးများပေါ်နေသော  စာလုံးများတွင်သာ နှစ်ချက်နှိပ်လို့ရမှာဖြစ်ပါတယ်။ စာလုံးငယ် မပါဝင်သော အခြားစာလုံးများကို နှစ်ချက်နှိပ်လျှင် ထိုစာလုံးများ နှစ်လုံးဆီသာ ပေါ်လာမည်ဖြစ်ပါသည်။*


Q: ရရစ် အကြီး "ြ     " တို့ မောက်ချ " -ါ" တို့မပါဘူး။

A: Bagan Keyboard မှာ ပါဝင်တဲ့ Smart Zawgyi Feature ဟာ "ကြ" ဟုရေးလိုလျှင် "ြ   + က" ကိုရေးလိုက်ပါက အော်တို "ကြ" အဖြစ်ပြောင်းသွားမည်ဖြစ်ပါသည်။ "ပါ" ဆိုသော စာလုံးကို ရေးလိုပါက "ပ + -ာ" ဟု     ၀ိုက်ချကို သုံးရုံဖြင့် အော်တို "ပါ" အဖြစ်ပြောင်းလဲပေးမည်ဖြစ်ပါသည်။




Q: သင်္ချာဆိုတဲ့ စာလုံးကိုရိုက်ချင်တယ်။

A:  Bagan Keyboard မှာ Key တစ်လုံးချင်းဆီကို နှိပ်ပြီး သူနဲ့ ဆိုင်တဲ့ Key တွေကို ရှာနိုင်ပါတယ်။ ဥပမာ "ြ  " ကို အချိန် တစ်စက္ကန့်ခွဲလောက် ဖိနှိပ်ထားမည်ဆိုလျှင် "ြ  " ၊ "ြ    " နှင့် အခြား ရရစ်      မျိုးစုံကိုတွေ့နိုင်မှာဖြစ်ပါတယ်။  ငသတ် နဲ့ ပတ်သတ်တာတွေကို ရှာချင်ရင် ငသတ် ကို ဖိနှိပ်ထားလို့ရပါတယ်ခင်ဗျာ။





Q:  အခြား မြန်မာစာလုံးတွေကို ဘယ်လိုရှာရမလဲ။

A:  Shift ကီးကို နှိပ်ပြီး အခြား မြန်မာစာလုံးတွေကို တွေ့နိုင်မှာဖြစ်ပါတယ်ခင်ဗျာ။



Q:  ပါဉ်ဆင့်တွေကို ဘယ်လိုရေးရမလဲ။

A:  Keyboard ရဲ့ အလယ်မှာ Special Key လေး တစ်ခုပါပါတယ်။ အဲ့ကီးလေးကို နှိပ်ပြီးရေးနိုင်ပါတယ်။ ဥပမာ။  ။ အတ္တ ကိုရေးလိုပါက "အ + တ + ~ + တ " ဆိုပြီးရေးသားနိုင်ပါတယ်ခင်ဗျာ။


Q:  ! တို့ @ တို့ကို ဘယ်မှာ ရှာရမလဲ။

A:   ကီးဘုတ်က SYM ဆိုတဲ့ ခလုပ်ကို နှိပ်ပြီး ရှာဖွေနိုင်ပါတယ်။



Q:   ကီးဘုတ်မှာ အင်္ဂလိပ်လို ပြောင်းရေးချင်တယ်။

A:   ကီးဘုတ်ရဲ့ ဘယ်ဖက်မှာ ရှိတဲ့ ကမ္ဘာလုံးပုံကို ၂ စက္ကန့်ခန့်နှိပ်ပြီးပြောင်းလဲနိုင်ပါတယ်။



Q:   Setting ကို ပြန်သွားချင်တယ်။

A:   ကီးဘုတ်ရဲ့ Enter ခလုပ်ကို ၂ စက္ကန့်ခန့်နှိပ်ပြီးပြောင်းလဲနိုင်ပါတယ်။ သို့မဟုတ် Bagan Keyboard App ကို နှိပ်ပြီး Setting ထဲသို့သွားရောက်နိုင်ပါတယ်။



Q: ကီးဘုတ်မှာ ရိုက်တုန်း အမှန်ပေါ်ပြီး Send လုပ်လိုက်ရင် အမှန်မပေါ်ဘူး။ နောက်ပြီး ကီးဘုတ်မှာ ရိုက်လိုက်ရင် စာလုံးအမှားတွေပေါ်နေတယ်။

A: Keyboard Setting မှာ ရှိတဲ့ Auto Correct Gymphs, Jelly Bean Fix နဲ့ Facebook Fix တို့ကို Off လုပ်ကြည့်လိုက်ပါ။



Q: Unicode နဲ့ ရေးလို့မရဖူးလား။

A: Unicode နဲ့ ရေးရန် အတွက် Bagan Keyboard ရဲ့ Setting ထဲမှာ Unicode ဆိုတာ ပါပါတယ်ခင်ဗျာ။ အဲ့ဒါလေးကို Check လုပ်ပေးပါ။



Q: ကျွန်တော့် Screen က ကြီးတယ်။ Keypad ကြီးကြီးလိုချင်တယ်။

A: Bagan Keyboard ရဲ့ Setting ထဲမှာ Height ချိန်ဖို့ ပါပါတယ်ခင်ဗျာ။ ၁ က နေ ၅ အတွင်း မိမိ စိတ်ကြိုက်အရွယ်အထိ ကီးဘုတ်ရဲ့ အရှည်ကို ဆွဲဆန့်နိုင်ပါတယ်။ ဖုန်းကို အလျားလိုက် အနေအထားမှာ အသုံးပြုနိုင်တဲ့ Height ရော ဒေါင်လိုက် အနေအထားမှာ အသုံးပြုနိုင်တဲ့ Height ပါ ချိန်လို့ရပါတယ်ခင်ဗျာ။



Q: စကားသံကို စာအဖြစ်ပြောင်းချင်တယ်။

A: English လိုတော့ ရပါပြီ။ မြန်မာလိုတော့ မရသေးပါဖူးခင်ဗျာ။ Keyboard ရဲ့ Setting ထဲမှာ ကြည့်ကြည့်ပေးပါခင်ဗျာ။



Q: Cursor ကိုရွေ့ပြီး မလိုတဲ့ စာလုံးတွေကိုဖျက်ချင်တယ်။

A: Space Bar ကို ၂ စက္ကန့်ခန့် ဖိနှိပ်ထားလိုက်ပါ။ မိမိ သွားလိုတဲ့ စာလုံးတွေကို မြှား အသုံးပြုပြီး သွားရောက် ဖျက်
 /ပြင် နိုင်ပါပြီ။



Q: Bagan Keyboard Pro က ဘာလို့ Version ခဏခဏ အသစ်ထွက်နေတာလဲ။

A: အမျိုးမျိုးသော Mobile Phone Brand များ၏ အမျိုးမျိုးသော OS များတွင် တက်နေသော ပြဿနာများကို ဖြေရှင်းနိုင်ရန် အတွက် Version Update များကို ထုတ်ပေးနေရသည်ကို နားလည်ပေးစေလိုပါသည်။ ထို့အပြင် ပိုမိုကောင်းမွန် သော Features များကိုလဲ Version အသစ်များတွင် ထပ်မံထည့်သွင်းပေးနေပါသည်ခင်ဗျာ။


Q: သိချင်တဲ့ဟာက ဒီထဲမှာမပါဖူး (သို့) ပိုကောင်းအောင် အကြံပေးချင်တယ်။

A: အောက်မှာ Comment ပေးပြီး မေးမြန်း အကြံပေးနိုင်ပါတယ်ခင်ဗျာ။

0 Dot kik nop a om hia?: